Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 3:15 - Judson Bible in Zawgyi Version

15 သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်​သည်​ကို ငါ​သိ၏။ ဧ​ခြင်း​ဖြစ်​စေ၊ ပူ​ခြင်း​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ငါ​အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အအေး​လည်း​မ​ဟုတ်၊ အပူ​လည်း​မ​ဟုတ်။ ငါ​သည် သင့်​အား အအေး​၊ သို့မဟုတ် အပူ​တစ်ခုခု​ဖြစ်​စေ​လို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 3:15
23 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​သည် လူ​များ​ရှိ​ရာ​သို့​လာ၍၊ သင်​တို့​သည် ဘာ​သာ​နှစ်​ပါး​စပ်​ကြား​မှာ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ယုံ​မှား​သော​စိတ်​နှင့် နေ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့​ဟု​ဆို​လျှင်၊ လူ​များ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။


ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။


သူ​တို့၌ စိတ်​နှစ်​ခွ​ရှိ၏။ ချက်​ချင်း အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို ကိုယ်​တော်​တိုင်​ဖြို​ချ၍၊ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း ဖျက်​ဆီး​တော်​မူ​မည်။


ဧ​ဖ​ရိမ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ပေါင်း​ဖော်​ရော​နှော​လျက်​ရှိ၏။ တစ်​မျက်​နှာ​သာ​ဖုတ်၍ မ​လှန်​သော​မုန့်​ပြား​ဖြစ်၏။


အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-


မ​တ​ရား​သော​အ​မှု​တို့​သည် များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။-


အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။-


အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။-


အ​ကြင်​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မ​ချစ်၊ ထို​သူ​သည် အ​န​သေ​မာ​ဖြစ်​စေ​သ​တည်း။ သ​ခင်​ဘု​ရား​သည် ကြွ​လာ​တော်​မူ၏။-


ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊-


သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့၍ ငါ​ပ​ညတ်​သ​မျှ​တို့​ကို အ​စဉ်​စောင့်​ရှောက်​ချင်​သော​စိတ်​နှင့် ပြည့်​စုံ​ကြ​ပါ​စေ​သော။


ငါ​သည် အ​ဘယ်​သို့ ဆု​တောင်း​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ ဉာဏ်​ပ​ညာ​အ​မျိုး​မျိုး​ရှိ​လျက်၊-


ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။


သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊-


သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊-


သို့​သော်​လည်း၊ သင်​သည် ရှေ့​ဦး​စွာ​သော ချစ်​ခြင်း​မေ​တ္တာ​လျော့​ပြီ​ဟု သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။-


သာ​ဒိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​နှင့် ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​သက်​ရှင်​ဟန်​ရှိ​သော်​လည်း သေ​လျက်​နေ​သည်​ကို ငါ​သိ၏။-


ထို​သို့ အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်၊ နွေး​ရုံ​ရှိ​သော​ကြောင့် ငါ၏​ခံ​တွင်း​သည် သင့်​ကို​ထွေး​လု​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ