ဗျာဒိတ် 2:19 - Judson Bible in Zawgyi Version19 သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကိုလည်းကောင်း နောက်ကျင့်သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကိုလည်းကောင်း ငါသိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ခြင်းနှင့် သည်းခံခြင်းတို့ကို ငါသိ၏။ သင်၏နောက်ပိုင်းလုပ်ဆောင်မှုများသည် ကနဦးလုပ်ဆောင်မှုများထက် သာလွန်ကြောင်းကိုလည်း ငါသိ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 ငါသည်သင်ပြုသောအမှုကိုသိ၏။ သင်မေတ္တာ ထားပုံနှင့်သစ္စာစောင့်ပုံတို့ကိုလည်းကောင်း၊ အမှုတော်ဆောင်ပုံနှင့်တည်ကြည်ပုံကို လည်းကောင်းငါသိ၏။ ထို့ပြင်နောက်ပိုင်း အချိန်သင်ပြုသည့်အမှုများသည် စော စောပိုင်းအချိန်ပြုသည့်အမှုများထက် သာလွန်ကောင်းမွန်ပေသည်။- အခန်းကိုကြည့်ပါ။ |
ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်း တည်သည်ဟူ၍လည်းကောင်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကိုလွမ်း၍၊ အစဉ်မပြတ် ကောင်းမွန်စွာ အောက်မေ့ကြသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသည်ရှိသော်၊-
သင်အကျင့်ကျင့်ခြင်းကိုလည်းကောင်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသော သင်၏နေရာအရပ်ကိုလည်းကောင်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည် ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။-