Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 19:19 - Judson Bible in Zawgyi Version

19 သား​ရဲ​မှ​စ၍ လော​ကီ​ရှင်​ဘု​ရင်​တို့​နှင့် သူ​တို့၏ ဗိုလ်​ခြေ​များ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော​သူ​နှင့် ဗိုလ်​ခြေ​တော်​ကို စစ်​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ကို ငါ​မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ထိုအခါ သားရဲ​မှစ၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ​နှင့် ၎င်း​တို့​၏​ဗိုလ်ခြေ​များ​သည် မြင်း​စီး​သော​သူ​နှင့်​သူ​၏​ဗိုလ်ခြေ​ကို​စစ်​တိုက်​ရန် စုဝေး​ကြ​သည်​ကို ငါ​မြင်​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 19:19
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည် လိ​မ္မာ​စွာ​ပြု​သ​ဖြင့်၊ မု​သား​လည်း အောင်​မြင်​လိမ့်​မည်။ စိတ်​ထောင်​လွှား​ခြင်း​နှင့်​တ​ကွ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အား​ဖြင့် လူ​များ​တို့​ကို ဖျက်​ဆီး၍၊ သ​ခင်​တို့၏​သ​ခင်​ကို ဆန့်​ကျင်​ဘက် ပြု​လိမ့်​မည်။ သို့​သော်​လည်း၊ လူ​လက်​ဖြင့် ဒဏ်​မ​ခတ်​ဘဲ ကျိုး​ပဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။


သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊-


ထို​မှ​တစ်​ပါး၊ တ​တိ​ယ​ကောင်း​ကင်​တ​မန်​က၊ အ​ကြင်​သူ​သည် သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏​တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌ ခံ​သည်​ဖြစ်​စေ၊ လက်၌ ခံ​သည်​ဖြစ်​စေ၊-


နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​ပြ​သော နတ်​ဆိုး၏​ဝိ​ညာဉ် ဖြစ်​သ​တည်း။ ထို​ဝိ​ညာဉ်​တို့​သည် လော​ကီ​တစ်​နိုင်​ငံ လုံး​တွင်​ရှိ​သော ရှင်​ဘု​ရင်​တို့​ထံ​သို့ ထွက်​သွား၍ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်၏ နေ့​ကြီး၌ စစ်​တိုက်​ခြင်း​အ​လို​ငှာ စု​ဝေး​စေ​ကြ၏။-


အ​သံ​တော်​ကား၊ သူ​ခိုး​ကဲ့​သို့ ငါ​လာ၏။ အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ၍ သူ​တစ်​ပါး​ရှေ့၌ ရှက်​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ နိုး​လျက်​နေ၍၊ ကိုယ်​အ​ဝတ်​ကို စောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။


မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-


ကြွင်း​သော​သူ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော သူ၏ ခံ​တွင်း​တော်​ထဲ​က ထွက်​သော သန်​လျက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ သူ​တို့၏ အ​သား​ကို ငှက်​အ​ပေါင်း​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ