ဗျာဒိတ် 18:15 - Judson Bible in Zawgyi Version15 သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်15 သူ့အားဖြင့် ချမ်းသာလာသောသူများဖြစ်ကြသည့် ထိုကုန်ပစ္စည်းတို့ကိုပိုင်ဆိုင်သောကုန်သည်တို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကို ကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ဝမ်းနည်းကြေကွဲ၍ ငိုကြွေးကြကာ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 ဗာဗုလုန်မြို့ကိုအမှီပြု၍ထိုကုန်ပစ္စည်းများ ကိုရောင်းဝယ်ခြင်းအားဖြင့်ချမ်းသာကြွယ်ဝ လာသောကုန်သည်ကြီးများသည်ထိုမြို့ခံရ သည့်ဒဏ်ကြောင့်ကြောက်ရွံ့တုန်လှုပ်ကာအဝေး မှရပ်လျက်၊- အခန်းကိုကြည့်ပါ။ |
ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကိုပိုင်သော သူအပေါင်းတို့အား ကိုယ်စည်းစိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တစ်နာရီချင်းတွင် ပျက်စီးပါပြီ တကားဟူ၍လည်းကောင်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။-
အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသောစပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။