ဗျာဒိတ် 15:8 - Judson Bible in Zawgyi Version8 ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ဗိမာန်တော်သည်ဘုရားသခင်၏ဘုန်းတန်ခိုး တော်ကြောင့်မီးခိုးနှင့်ပြည့်လျက်ရှိ၏။ သို့ဖြစ် ၍ကောင်းကင်တမန်ခုနစ်ပါးယူဆောင်လာ သည့်ကပ်ခုနစ်ပါးမပြီးဆုံးမီအဘယ်သူ မျှဗိမာန်တော်ထဲသို့မဝင်နိုင်။ အခန်းကိုကြည့်ပါ။ |
ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကိုလည်းကောင်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကိုလည်းကောင်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်လည်းကောင်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့၊