ဗျာဒိတ် 15:2 - Judson Bible in Zawgyi Version2 မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမ အရေအတွက်နှင့်လည်းကောင်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 တစ်ဖန် မီးနှင့်ရောထားသည့် ဖန်ပင်လယ်ကဲ့သို့သောအရာကိုလည်းကောင်း၊ သားရဲ၊ သူ၏ရုပ်တုနှင့် သူ့အမည်၏ကိန်းဂဏန်းတို့အပေါ် အနိုင်ရသောသူတို့သည် ဘုရားသခင်၏စောင်းများကိုကိုင်ဆောင်လျက် ထိုဖန်ပင်လယ်ပေါ်တွင်ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။- အခန်းကိုကြည့်ပါ။ |