Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 11:16 - Judson Bible in Zawgyi Version

16 ဘု​ရား​သ​ခင်​ရှေ့​တော်၌ မိ​မိ​တို့​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ ဘုရားသခင်​၏​ရှေ့​တော်​၌ မိမိ​တို့​ပလ္လင်​ပေါ်တွင် ထိုင်​နေ​ကြ​သော​သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ဘုရားသခင်​ကို​ပျပ်ဝပ်​ရှိခိုး​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 11:16
7 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-


အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​နှင့် သ​တ္တ​ဝါ လေး​ပါး​တို့​သည် ပျပ်​ဝပ်၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊ အာ​မင်၊ ဟာ​လေ​လု​ယ​ဟု လျှောက်​ဆို​ကြ၏။


အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ရှေ့၌ ပျပ်​ဝပ်​လျက်၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို ကိုး​ကွယ်​လျက်၊-


ထို​ပ​လ္လင်၏ ပတ်​ဝန်း​ကျင်၌ အ​ခြား​သော​ပ​လ္လင် နှစ်​ဆယ်​လေး​ပ​လ္လင်​ရှိ၏။ ထို​ပ​လ္လင်​တို့​အ​ပေါ်၌ အ​သက်​ကြီး​သူ​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက်၊ ခေါင်း​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက် ထိုင်​နေ​ကြ၏။-


သ​တ္တ​ဝါ​လေး​ပါး​တို့​က​လည်း အာ​မင်​ဟု ခေါ်​ဝေါ်​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ၏။


ပ​လ္လင်​တော်​မှ​စ​သော အ​သက်​ကြီး​သူ​တို့​နှင့် သ​တ္တ​ဝါ​လေး​ပါး၏ ပတ်​ဝန်း​ကျင်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်၊ ပ​လ္လင်​တော်​ရှေ့​မှာ ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ