ဗျာဒိတ် 10:11 - Judson Bible in Zawgyi Version11 ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့၌လည်းကောင်း၊ ရှင်ဘုရင်တို့၌လည်းကောင်း၊ တစ်ဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်11 ထိုအခါ “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ ရှင်ဘုရင်များနှင့်ပတ်သက်၍ ထပ်မံ ပရောဖက်ပြုဟောပြောရမည်”ဟူသောအမိန့်ကို ငါခံရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 ထိုနောက်ကောင်းကင်တမန်က``သင်သည် များစွာသောတိုင်းနိုင်ငံများ၊ ဘာသာစကား အမျိုးမျိုးပြောဆိုသောလူမျိုးများ၊ ရှင် ဘုရင်များ၏အကြောင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ဗျာဒိတ်တော်ကိုနောက် တစ်ဖန်ဟောကြားရဦးမည်'' ဟုငါ့အား ဆို၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။-