Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 1:14 - Judson Bible in Zawgyi Version

14 ခေါင်း​တော်​နှင့် ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွှေး​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ၏။ မျက်​စိ​တော်​သည်​လည်း မီး​လျှံ​ကဲ့​သို့ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ထို​သူ​၏​ဦးခေါင်း​နှင့်​ဆံပင်​တို့​သည် ဖြူ​သော​သိုးမွေး​ကဲ့သို့​လည်းကောင်း၊ နှင်းပွင့်​ကဲ့သို့​လည်းကောင်း ဖြူ​၍ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 1:14
5 ပူးပေါင်းရင်းမြစ်များ  

သူ၏​ကိုယ်​သည် ကျောက်​မျက်​ရွဲ​ကဲ့​သို့ ဖြစ်၏။ သူ့​မျက်​နှာ​သည်​လည်း လျှပ်​စစ်​ကဲ့​သို့ ထင်၏။ သူ့​မျက်​စိ​သည်​လည်း မီး​ခွက်​ကဲ့​သို့​ဖြစ်၏။ သူ့​လက်​ခြေ​တို့​သည် ဦး​သစ်​သော ကြေး​ဝါ​အ​ရောင်​အ​ဆင်း​ရှိ၏။ သူ့​စ​ကား​သံ​သည် များ​စွာ​သော လူ​စု​အ​သံ​နှင့် တူ၏။


ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။


သူ၏​မျက်​နှာ​သည် လျှပ်​စစ်​ကဲ့​သို့​ထင်၏။ အ​ဝတ်​သည်​လည်း မိုး​ပွင့်​ကဲ့​သို့ ဖြူ၏။-


မျက်​စိ​တော်​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်၏။ ခေါင်း​တော်​ပေါ်၌ သ​ရ​ဖူ​များ​ကို ဆောင်း၏။ ကိုယ်​တိုင်​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​သိ​သော နာ​မ​တော်​သည် ရေး​ထား​လျက် ရှိ၏။-


သွာ​တိ​ရ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ မီး​လျှံ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း ၊ ကြေး​ဝါ​စစ်​နှင့်​တူ​သော ခြေ​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော ဘု​ရား​သ​ခင့်​သား​တော်၏ အ​မိန့်​တော်​ကား၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ