ဗျာဒိတ် 1:11 - Judson Bible in Zawgyi Version11 မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကို စာစောင်၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးလိုက်လော့ဟု ဆိုသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်11 ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍လည်းကောင်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍လည်းကောင်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍လည်းကောင်း၊ သင်သည် အချို့သော သူတို့ကို ပညတ်ထား၍၊ ဧဖက်မြို့၌ နေရစ်စေခြင်းငှာ၊ ငါသည် မာကေဒေါနိပြည်သို့ သွားသောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။
တစ်ဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။