Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 76:3 - Judson Bible in Zawgyi Version

3 ထို​အ​ရပ်၌ လေး​မြား၊ ဒိုင်း​လွှား၊ ဓား​လက်​နက်၊ စစ်​အင်္ဂါ​တို့​ကို ချိုး​ဖျက်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထို​အရပ်​တွင် ကိုယ်တော်​သည် မီးတောက်​နေ​သော​မြား​၊ ဒိုင်းလွှား​၊ ဓား​နှင့်​စစ်လက်နက်​တို့​ကို ချိုးဖျက်​တော်မူ​ပြီ​။(​စေလာ)

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​ရန်​သူ​တို့​၏ မြား၊ဒိုင်း​လွှား၊ဓား​နှင့်​လက်​နက်​ရှိ​သ​မျှ​တို့​ကို ချိုး​ဖျက်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 76:3
9 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော၊ ရှာ​လင်​မင်း​ကြီး မေ​လ​ခိ​ဇေ​ဒက်​သည်​လည်း၊ မုန့်​နှင့် စ​ပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊


ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တပ်၌ ခွန်​အား​ကြီး​သော​သူ​ရဲ​များ၊ တပ်​မှူး၊ စစ်​ကဲ​များ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ ရှင်​ဘု​ရင်​သည် မျက်​နှာ​ပျက်​လျက်၊ မိ​မိ​ပြည်​သို့​ပြန်​သွား၏။ မိ​မိ​ဘု​ရား၏​ဗိ​မာန်​သို့​ရောက်​သော​အ​ခါ၊ မိ​မိ​သား​ရင်း​တို့​သည် ဓား​နှင့်​သတ်​ကြ၏။


လေး​ကို​ချိုး​လျက်၊ လှံ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လျက်၊ ရ​ထား​ကို​မီး​ရှို့​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် စစ်​မှု​ကို ငြိမ်း​စေ​တော်​မူ၏။


လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ