Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 74:13 - Judson Bible in Zawgyi Version

13 ကိုယ်​တော်​သည် တန်​ခိုး​တော်​အား​ဖြင့် ပင်​လယ်​ကို​ခွဲ​တော်​မူ​ပြီ။ ရေ​ထဲ​မှာ မိ​ကျောင်း​တို့၏ ဦး​ခေါင်း​တို့​ကို ချိုး​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ကိုယ်တော်​သည် အစွမ်းသတ္တိ​အားဖြင့် ပင်လယ်​ကို​ပိုင်းခြား​၍ ရေ​ထဲ​ရှိ​သတ္တဝါကြီး​တို့​၏​ဦးခေါင်း​ကို ခွဲ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ကိုယ်​တော်​ရှင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ ရေ​သူ​ရဲ​တို့​၏​ဦး​ခေါင်း​များ​ကို​ခွဲ​တော်​မူ ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 74:13
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။


ပင်​လယ်​ကို ကုန်း​ဖြစ်​စေ​တော်​မူ၏။ သူ​တို့​သည် ရေ​စီး​ရာ​အ​ရပ်​ကို ခြေ​ဖြင့်​လျှောက်​သွား​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​ကြ၏။


ပင်​လယ်​ကို​ခွဲ၍ သူ​တို့​ကို လျှောက်​သွား​စေ​တော်​မူ၏။ ရေ​များ​ကို​စု​ပုံ၍ ထား​တော်​မူ၏။


မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။


ထို​သို့ ပင်​လယ်​ရေ​သည်​ပြန်​လာ၍၊ ပင်​လယ်​ထဲ​သို့​လိုက်​ဝင်​သော ဖာ​ရော​ဘု​ရင်၏​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို​လွှမ်း​မိုး​သ​ဖြင့်၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ၊


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း၊ ကိုယ်​မြစ်​များ​အ​လယ်၌ နေ​လျက်၊ ငါ့​မြစ်​ကို ငါ​ပိုင်၏။ ငါ့​အ​ဖို့ ငါ​ဖန်​ဆင်း​ပြီ​ဟု ဆို​တတ်​သော မိ​ကျောင်း​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။


အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ