ဆာလံကျမ်း 74:1 - Judson Bible in Zawgyi Version1 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသောသိုးတို့ကို အဘယ်ကြောင့် အမျက်ထွက်တော်မူသနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။ အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်းမျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ ခပ်သိမ်းသော တောသားရဲစားစရာ ဖြစ်သောကြောင့်၊