ဆာလံကျမ်း 72:2 - Judson Bible in Zawgyi Version2 ထိုမင်းသည် ကိုယ်တော်၏လူတို့ကို ဖြောင့်မတ်စွာစီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ထိုမင်းသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ အဖိနှိပ်ခံရသော ကိုယ်တော်၏လူတို့ကို တရားမျှတခြင်းဖြင့်လည်းကောင်း စစ်ကြောစီရင်ပါစေသော။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊
အကျွန်ုပ်၏သား ရှောလမုန်သည်လည်း ကိုယ်တော်၏ သက်သေခံချက်၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်၍၊ အကျွန်ုပ်ပြင်ဆင်သောအမှုကို အကုန်အစင်ပြီးစီးစေလျက်၊ ဗိမာန်တော်ကို တည်ဆောက်နိုင်မည်အကြောင်း၊ စုံလင်သော စိတ်နှလုံးကို ပေးသနားတော်မူပါဟု ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရားကို ကောင်းချီးပေးလျက် မြွက်ဆို၏။
ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။