ဆာလံကျမ်း 72:12 - Judson Bible in Zawgyi Version12 အကြောင်းမူကား၊ ငတ်မွတ်သောသူအော်ဟစ်သောအခါ၊ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊ ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 မင်းကြီးသည်မိမိအားဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ခိုကိုးရာမဲ့သူတို့ အားလည်းကောင်းကယ်ဆယ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်သောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။-