Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 71:6 - Judson Bible in Zawgyi Version

6 အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် ကိုယ်​တော်​ကို​မှီ​ဝဲ​ပါ​ပြီ။ အ​မိ​ဝမ်း​တွင်း​မှ​စ၍ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​ပြီ။ ကိုယ်​တော်​ကို အ​စဉ်​ချီး​မွမ်း​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 အကျွန်ုပ်​သည် မွေးဖွား​ချိန်​မှစ၍ ကိုယ်တော်​ကို​မှီခိုအားထား​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​ဝမ်း​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​ခဲ့​သော​အရှင်​မှာ ကိုယ်တော်​သာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို အစဉ်​ချီးမွမ်း​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 71:6
16 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​အ​န္တ​ရာယ်​ရောက်​လု​နီး​ပါ​ပြီ။ မ​စ​သော​သူ​မ​ရှိ​ပါ။


ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။


မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။


အ​ကျွန်ုပ်​မူ​ကား၊ အ​စဉ်​မျှော်​လင့်၍ ကိုယ်​တော်​ကို ချီး​မွမ်း​သ​မျှ​ထက် သာ၍ ချီး​မွမ်း​ပါ​မည်။


ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။


တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​စ​ကား​ကို​ကြား​ကြ​လော့။ ဝေး​စွာ​သော​လူ​မျိုး​တို့၊ စေ့​စေ့​နား​ထောင်​ကြ​လော့။ ငါ​ဖွား​စ​က​ပင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ခေါ်​တော်​မူ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ၏​နာ​မ​ကို မှတ်​တော်​မူ၏။


ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သ​ရေ​ထင်​ရှား၍၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို ခိုင်​ခံ့​စေ​တော်​မူ​သည်​အ​ကြောင်း​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ထံ​တော်၌ စု​ဝေး​စေ​ခြင်း​ကို မ​ခံ​သော်​လည်း၊ ငါ​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ထံ​တော်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ရ​သော​ကျွန် ဖြစ်​စေ​မည်​အ​ကြောင်း၊ ငါ့​ကို​အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊


သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။


ယ​ခု​မှ​စ၍ သင်​က၊ အ​ကျွန်ုပ်​အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်၊ စောင့်​မ​ပါ​ပြီ​ဟု ငါ့​အား အော်​ဟစ်​ပါ​စေ​သော။


သို့​သော်​လည်း၊ ငါ့​ကို အ​မိ​ဝမ်း​ထဲ​က​ပင် ရွေး​ချယ်​ခွဲ​ထား၍ ကျေး​ဇူး​တော်​အား​ဖြင့် ခေါ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-


ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ