Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 7:11 - Judson Bible in Zawgyi Version

11 ဘု​ရား​သ​ခင်​သည် တ​ရား​သ​ဖြင့်​စီ​ရင်​သော​ဘု​ရား​ဖြစ်၍၊ မ​တ​ရား​သော​သူ​ကို အ​စဉ်​အ​မျက်​ထွက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဘုရားသခင်​သည် ဖြောင့်မတ်​စွာ​တရားစီရင်​သော​အရှင်​ဖြစ်​တော်မူ​ပြီး ဆိုးယုတ်​သော​သူ​ကို နေ့စဉ်​နှင့်အမျှ​အမျက်ထွက်​တော်မူ​ရ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဘု​ရား​သ​ခင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၍ သူ​ယုတ်​မာ​တို့​အား​အ​စဉ်​အ​ပြစ်​ဒဏ် ချ​မှတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 7:11
6 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် တ​ရား​ဆုံး​ဖြတ်​တော်​မူ​သည်​ဖြစ်၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​ကို ကောင်း​ကင်​တို့​သည် ထင်​ရှား​စွာ ပြ​ကြ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ စုံ​လင်​ခြင်း​ကို​လည်း​ကောင်း​ထောက်၍ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။


တစ်​ဖန် ဖြောင့်​မတ်​ခြင်း​တ​ရား​ဘက်၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ သ​ဘော​ဖြောင့်​သော​သူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​ပါ​လိမ့်​မည်။


အ​ပြစ်​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ယုံ​လွယ်၍ ဒဏ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး၍ အ​မျက် ပြင်း​ထန်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ပေး၍၊ ရန်​သူ​တို့​ကို အ​ငြိုး​ထား​တော်​မူ၏။


အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ