ဆာလံကျမ်း 67:2 - Judson Bible in Zawgyi Version2 ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကယ်တင်တော်မူခြင်းကျေးဇူးကို ခံရကြပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ထိုသို့သောအားဖြင့် ကိုယ်တော်၏လမ်းသည် မြေကြီးပေါ်၌လည်းကောင်း၊ ကိုယ်တော်၏ကယ်တင်ခြင်းသည် လူမျိုးအပေါင်းတို့အလယ်၌လည်းကောင်း ထင်ရှားပါစေသော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည် ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်သည် ယာကုပ်၏အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှာသာ၊ ငါ့အမှုကိုဆောင်ရွက်သောအမှုသည် သာမညအမှု ဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့ လင်းစရာဖို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
အကြောင်းမူကား၊ မင်္ဂလာရှိသော မျှော်လင့်ရာကိုလည်းကောင်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုလည်းကောင်း၊ ငါတို့သည် မျှော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣနြေ္ဒစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ်ထွန်းလျက်ရှိ၏။-