ဆာလံကျမ်း 4:3 - Judson Bible in Zawgyi Version3 ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထားတော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်၍ လျှောက်သောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထာဝရဘုရားသည် သန့်ရှင်းသူကို မိမိအတွက် သီးသန့်ခွဲထားတော်မူကြောင်း သိမှတ်ကြလော့။ ထာဝရဘုရားကို ငါခေါ်သောအခါ ကိုယ်တော်သည် နားညောင်းတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ထာဝရဘုရားသည်မိမိ၏အဖို့အလို့ငှာ သူတော်ကောင်းအားရွေးချယ်ထားတော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်သောအခါကိုယ်တော်ကြားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌မျက်နှာရသောအကြောင်းသည် အဘယ်သို့ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည်မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆိုလျှင်၊
ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။-