Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 26:9 - Judson Bible in Zawgyi Version

9 ပြစ်​မှား​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ လူ​အ​သက်​ကို​သတ်​သော သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​အ​သက်​ကို​လည်း​ကောင်း ချုပ်​ထား​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 အပြစ်သား​တို့​နှင့်အတူ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​လည်းကောင်း​၊ လူ့​အသက်​သတ်​သော​သူ​တို့​နှင့်အတူ အကျွန်ုပ်​၏​အသက်​ကို​လည်းကောင်း ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။ သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 26:9
14 ပူးပေါင်းရင်းမြစ်များ  

ရှိ​မိ​ကျိန်​ဆဲ​သော​စ​ကား​ဟူ​မူ​ကား၊ သွား​ဟဲ့၊ သွား​ဟဲ့။ လူ​အ​သက်​ကို သတ်​သော​အ​ဓ​မ္မ​လူ၊


ထို​နောက် ဒါ​ဝိဒ်​လက်​ထက်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဂိ​ဗောင်​လူ​တို့​ကို သတ်​သော​ရှော​လု​နှင့် လူ​အ​သက်​ကို​သတ်​တတ်​သော ရှော​လု​အ​မျိုး​ကြောင့် ဤ​အ​မှု​ရောက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။


အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မ​တ​ရား​သော​သူ​တို့​ကို ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ လူ​အ​သက်​ကို သတ်​တတ်​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။


အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​လွတ်​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​ကို အ​ကျွန်ုပ်​လျှာ​သည် ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။


အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။


တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။


ထို​ကျွန်​ကို ပြင်း​ပြ​စွာ ကွပ်​မျက်​ဆုံး​မ၍၊ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ​အ​ရပ်၌ လျှို့​ဝှက်​သော သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။


ရှေ့​တော်၌ လူ​မျိုး​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​သ​ဖြင့်၊ သိုး​ထိန်း​သည် သိုး​နှင့် ဆိတ်​တို့​ကို တ​ခြား​စီ​ခွဲ​ထား​သ​ကဲ့​သို့၊ လူ​အ​ပေါင်း​တို့​ကို အ​သီး​အ​ခြား​ခွဲ၍၊-


ထို​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည်​ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း ရှိ​တော်​မူ​ခြင်း၊ အ​နာ​စွဲ​တော်​မူ​ခြင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​ခြင်း​တို့​ကို အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ခါ၌​မြင်၍ ကိုယ်​တော်​ကို မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ နေ​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊-


ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ