ဆာလံကျမ်း 20:4 - Judson Bible in Zawgyi Version4 ကိုယ်တော်၏စိတ်အလိုရှိသည်အတိုင်း ပေးသနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှာ ပြုတော်မူပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍ အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ၊-
ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တစ်ဖက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကိုလက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရားရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။