Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 2:2 - Judson Bible in Zawgyi Version

2 လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို​ရန်​ဘက်​ပြု​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 2:2
27 ပူးပေါင်းရင်းမြစ်များ  

လက်​ယာ​တော်​နား​မှာ​ရှိ​သော​ဘု​ရား​ရှင်​သည် အ​မျက်​တော်​အ​ချိန်​ကာ​လ၌ ရှင်​ဘု​ရင်​တို့​ကို ဒဏ်​ခတ်​တော်​မူ​မည်။


သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။


ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက်၊ ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ။


ရှင်​ဘု​ရင်​တို့​သည် စည်း​ဝေး၍ အ​တူ​လျှောက်​သွား​ကြ၏။


မြင်​သော​အ​ခါ မှိုင်​တွေ၍ ထိတ်​လန့်​လျက် ပြေး​ကြ၏။


ရန်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကဲ့​ရဲ့၍၊ လူ​မိုက်​တို့​သည် နာ​မ​တော်​အား မ​ထီ​မဲ့​မြင်​ပြု​ကြ​သည်​ကို အောက်​မေ့​တော်​မူ​ပါ။


ကိုယ်​တော်၏ ရန်​သူ​တို့​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​တို့၏ ရုန်း​ရင်း​ခတ်​ခြင်း​အ​သံ​သည် အ​စဉ်​မ​ပြတ် တိုး​တက်​လျက်​ရှိ​ပါ၏။


ဧ​ဒုံ​ပြည်၌​နေ​သော​သူ၊ ဣ​ရှ​မေ​လ​အ​မျိုး​သား၊ မော​ဘ​ပြည်​သား၊ ဟာ​ဂ​ရ​ပြည်​သား၊


ငါ၏​ကျွန်​ဒါ​ဝိဒ်​ကို ငါ​တွေ့၍၊ သန့်​ရှင်း​သော​ဆီ​နှင့် ဘိ​သိက်​ပေး​ပြီ။


နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။


ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။


ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊


ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။-


ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည်၊ က​ယာ​ဖ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး၌ စည်း​ဝေး​ကြ​ပြီး​လျှင်၊-


ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။-


နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​အံ့​သော​ငှာ တိုင်​ပင်၍၊-


ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ဤ​အ​ရပ်​မှ ထွက်​သွား​ပါ။ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို​သတ်​မည် အ​ကြံ​ရှိ​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ သင်​တို့​သွား​ကြ​လော့။-


ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-


ငါ့​ကို မုန်း​သော​သူ​သည် ငါ့​ခ​မည်း​တော်​ကို​မုန်း၏။-


ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-


ထို​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း၊ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို ဘိ​သိက်​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏​အ​ခွင့်​တော်​နှင့် ကျေး​ဇူး​ပြု​လျက်၊ မာရ်​နတ်​ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​အား ချမ်း​သာ​ကို​ပေး​လျက် လှည့်​လည်​တော်​မူ၏။-


ရှော​လု​သည် မြေ​ပေါ်​မှာ​လဲ၍​နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း​ဟု မိ​မိ​အား ပြော​သော​စ​ကား​သံ​ကို ကြား​လျှင်၊-


ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍၊ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက် ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ​ဟု လာ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ