Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 141:2 - Judson Bible in Zawgyi Version

2 အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ လက်​ကို​ချီ​ခြင်း​သည် ညဥ့်​ဦး​ယံ ပူ​ဇော်​သ​ကာ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ပြင်​ဆင်​လျက်​ရှိ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​လက်​ကို​မြှောက်ချီ​ခြင်း​သည် နေဝင်ချိန်​၏​ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​မီး​ရှို့ ပူ​ဇော်​ရာ နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​လက်​အုပ်​ချီ​ခြင်း​ကို​ညဥ့်​ဦး ပူ​ဇော်​ရာ ယဇ်​ကဲ့​သို့​လည်း​ကောင်း​လက်​ခံ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 141:2
23 ပူးပေါင်းရင်းမြစ်များ  

ညဥ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ၊ ပ​ရော​ဖက်​ဧ​လိ​ယ​သည် ချဉ်း​လာ၍၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကျွန်​ဖြစ်၍ အ​မိန့်​တော်​အ​တိုင်း ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​ကြ​ပါ​စေ​သော။


ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ကြောက်​ရွံ​သော​သူ​အ​ပေါင်း​တို့​သည်၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့ ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ငါ့​ထံ​မှာ​စည်း​ဝေး၍၊ ညဥ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ငါ​သည်​မိန်း​မော​တွေ​ဝေ​လျက် နေ၏။


သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။


အ​ကျွန်ုပ်​သည် သန့်​ရှင်း​သော​ဗျာ​ဒိတ်​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ် တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။


အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။


ထို​သို့ အ​သက်​ရှင်​စဉ်​တွင် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လက်​ကို​ချီ​ပါ​မည်။


နေ့​တိုင်း​အ​စဉ်​မ​ပြတ် နံ​နက်​ယံ၌​တစ်​ကောင်၊ ညဥ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။


နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်​နှင့် သူ၏​ထမ်း​ပိုး၊ လိမ်း​ရန်​ဆီ၊ မွှေး​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကာ​ရန် ကု​လား​ကာ​ကို​လည်း​ကောင်း၊


မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။


ဆု​တောင်း​သော​အ​မှု​မ​ပြီး​မီ မြွက်​ဆို​စဉ်​တွင် ယ​ခင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ၌​ထင်​ရှား​သော​သူ၊ ဂါ​ဗြေ​လ​သည် လျင်​မြန်​စွာ​ပျံ၍ လာ​သ​ဖြင့် ညဥ့်​ဦး​ယံ​ပူ​ဇော်​ချိန်၌ ငါ​ရှိ​ရာ​သို့ ရောက်၍၊


နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။


ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊-


သို့​ဖြစ်၍၊ အ​ရပ်​ရပ်​တို့၌ ယောက်ျား​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ သန့်​ရှင်း​သော​လက်​ကို​ချီ၍ ဆု​တောင်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-


ထို​စာ​စောင်​ကို ခံ​ယူ​သော​အ​ခါ၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည်၊ သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​တည်း​ဟူ​သော မီး​ရှို့​ရာ နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဖ​လား​တို့​ကို​လည်း​ကောင်း၊ စောင်း​တို့​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး​ကိုင်၍ သိုး​သ​ငယ်​ရှေ့၌ ပျပ်​ဝပ်​လျက်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ