ဆာလံကျမ်း 137:3 - Judson Bible in Zawgyi Version3 အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဖမ်းသွားချုပ်ထားသောသူနှင့်၊ ငါတို့ကို ညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အားဆိုကြလော့ဟု၊ သီချင်းဆိုသံကိုလည်းကောင်း၊ ရွှင်လန်းသောအသံကိုလည်းကောင်း ငါတို့၌ တောင်းကြပါသည်တကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 အကြောင်းမူကား ငါတို့ကိုဖမ်းဆီးခေါ်ဆောင်လာသောသူတို့က ထိုအရပ်၌ ငါတို့ကို သီချင်းများတောင်းဆိုကြ၏။ ငါတို့ကိုညှဉ်းဆဲသောသူတို့ကလည်း မိမိတို့ပျော်ရွှင်မှုအတွက် “ဇိအုန်သီချင်းကို ငါတို့အားဆိုပြကြလော့”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အား ဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။