ဆာလံကျမ်း 123:2 - Judson Bible in Zawgyi Version2 ကျွန်တို့သည် သခင်လက်ကိုလည်းကောင်း၊ ကျွန်မတို့သည် သခင်မလက်ကိုလည်းကောင်း မျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ကျွန်ယောက်ျားတို့သည် မိမိတို့သခင်၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ ကျွန်မိန်းမသည် မိမိသခင်မ၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ကို သနားတော်မူသည်အထိ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်ကြပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။ အခန်းကိုကြည့်ပါ။ |
ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလမြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ကျွန်တို့ကိုကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင်တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီးအပေါင်းတို့သည် ကျွန်တော်တို့ကိုတိုက်ခြင်းငှာ စည်းဝေးကြပါပြီဟု လျှောက်ကြ၏။