ဆာလံကျမ်း 10:18 - Judson Bible in Zawgyi Version18 ဆင်းရဲသားကို သူ၏မြေမှ တစ်ဖန်မနှင်ထုတ်မည်အကြောင်း၊ မိဘမရှိသောသူနှင့် ညှဉ်းဆဲခံရသောသူတို့ကို တရားပေးခြင်းငှာ နားတော်ကိုဖွင့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 ဖိစီးနှိပ်စက်ခြင်းခံရသူများနှင့် မိဘမဲ့သူများအား နောက်တစ်ဖန်မခြောက်မလှန့်နိုင်စိမ့်သောငှာ ကိုယ်တော်ရှင်သည်ထိုသူတို့၏ဟစ်အော်သံကို ကြားတော်မူ၍ သူတို့၏အကျိုးကိုထောက်လျက်တရားစီရင် တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အိုထာဝရဘုရား၊ လောကီသားဖြစ်သောထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဖို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေတော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။