Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သု​တၱံ 18:18 - Judson Bible in Zawgyi Version

18 စာ​ရေး​တံ​ပြု​ခြင်း​အား​ဖြင့် အ​ငြင်း​အ​ခုံ​ငြိမ်း၍၊ အား​ကြီး​သော​သူ​တို့​အ​မှု​ကို ဆုံး​ဖြတ်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 မဲချခြင်း​သည် ငြင်းခုံ​ရန်တွေ့​ခြင်း​ကို​အဆုံးသတ်​စေ​၍ အင်အားကြီး​သော​သူ​တို့​အကြား ဖျန်ဖြေ​ပေး​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သု​တၱံ 18:18
10 ပူးပေါင်းရင်းမြစ်များ  

ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မိ​မိ​တို့​ညီ​အစ်​ကို အာ​ရုန်​အ​မျိုး​သား​တို့ တစ်​ဖက်​တစ်​ချက် အ​လှည့်​လှည့် စာ​ရေး​တံ​ပြု​ကြ၏။


မေ​ရာ​ရိ​သား အ​ဆွေ​အ​မျိုး​တို့​သည် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က မြို့​တစ်​ဆယ်​နှစ်​မြို့​တို့​ကို ရ​ကြ၏။


ထို​အ​ခါ လူ​များ​တို့​တွင် မင်း​လုပ်​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် သန့်​ရှင်း​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ကျိပ်​တွင်​တစ်​ယောက်၊ အ​ခြား​သော​မြို့​တို့၌ ကိုး​ယောက် နေ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ပြု​ကြ၏။


စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။


ကိုယ်​အ​မှု​ကို အ​ဦး​စောင့်၍ ပြော​သော​သူ​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​သော်​လည်း၊ အိမ်​နီး​ချင်း​လာ၍ စစ်​ကြော​တတ်၏။


အ​ငြိုး​ထား​သော ညီ​အစ်​ကို​သည် ခိုင်​ခံ့​သော​မြို့​ထက် သာ၍​ခက်၏။ ညီ​အစ်​ကို ရန်​တွေ့​ခြင်း​အ​မှု​သည် ရဲ​တိုက်​တံ​ခါး​ကျင်​ကဲ့​သို့ ဖြစ်၏။


ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။


ရှော​လု​က၊ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​သ​ဖြင့်၊ လူ​များ​တို့​သည်​လွတ်​ကြ၍၊ ရှော​လု​နှင့် ယော​န​သန်​ကို မှတ်​တော်​မူ၏။


ရှော​လု​က​လည်း၊ ငါ​နှင့်​ငါ့​သား ယော​န​သန်​အ​ဖို့ စာ​ရေး​တံ​ပြု​လော့​ဟု ဆို​သ​ဖြင့်၊ ယော​န​သန်​ကို မှတ်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ