ဖိလိပ္ပိ 3:18 - Judson Bible in Zawgyi Version18 အကြောင်းမူကား၊ အထက်အဖန်ဖန် ငါပြော၍၊ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည်အတိုင်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 အကြောင်းမူကား သင်တို့အား မကြာခဏ ငါပြောခဲ့ပြီး ယခုတစ်ဖန် မျက်ရည်ကျလျက်ပြောသည်မှာ များစွာသောသူတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုရန်ဘက်ပြုလျက် အသက်ရှင်လျှောက်လှမ်းနေကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 ဤအချက်ကိုကြိမ်ဖန်များစွာငါဖော်ပြဖူးလေပြီ။ ယခုလည်းမျက်ရည်ဖြင့်ထပ်မံ၍ဖော်ပြ၏။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူခြင်းတရား တော်နှင့်ဆန့်ကျင်၍ပြုကျင့်သူလူအများပင် ရှိပေသည်။- အခန်းကိုကြည့်ပါ။ |
ယခုတွင် ငါနေဗုခဒ်နေဇာသည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့်ပြည့်စုံ၍ တရားနှင့် ညီလျော်ကြ၏။ မာနထောင်လွှားသော သူတို့ကို နှိမ့်ချခြင်းငှာ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
သူတို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တစ်ပါးအမျိုး၏ထုံးစံအတိုင်း ကျင့်လျှင်၊ တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။-