Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဖိ​လေ​မုန် 1:8 - Judson Bible in Zawgyi Version

8 ထို​ကြောင့်၊ သင်​သည် ပြု​သင့်​သော​အ​မှု​အ​ရာ​ကို ပ​ညတ်​ထား​ခြင်း​ငှာ၊ ငါ​သည် ခ​ရစ်​တော်​အား​ဖြင့် အ​လွန်​ရဲ​ရင့်​စ​ရာ အ​ခွင့်​ရှိ​သော်​လည်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ထို့ကြောင့် ငါ​သည် သင်​ပြုသင့်​သည့်​အရာ​ကို​ပြု​ရန် အမိန့်​ပေး​နိုင်​သည်​ဟု ခရစ်တော်​အားဖြင့် ယုံကြည်​စိတ်ချ​မှု​အပြည့်အဝ​ရှိ​သော်လည်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8-9 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​၌​ညီ အစ်​ကို​ချင်း​အ​နေ​ဖြင့် သင်​ပြု​သင့်​သည့်​အ​မှု အ​ရာ​ကို​ပြု​ရန်​အ​မိန့်​ပေး​နိုင်​ခွင့်​ရှိ​သည်​ဟု ယုံ​ကြည်​သော်​လည်း ငါ​သည်​သင့်​ကို​ချစ်​သော ကြောင့်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။ ခ​ရစ်​တော် ယေ​ရှု​၏​သံ​တ​မန်​ဖြစ်​သူ၊ ယ​ခု​အ​ခါ​ခ​ရစ် တော်​ယေ​ရှု​အ​တွက်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​သည်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လေ​မုန် 1:8
7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်။ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ​တို့၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ကို ငါ​သည်​သာ၍ ဝါ​ကြွား​သော်​လည်း၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း မ​ရှိ၊-


ငါ​တို့​သည်​အ​စွမ်း​သ​တ္တိ​မ​ရှိ​ဟု ကဲ့​ရဲ့​ခြင်း​ကို အ​မှတ်​ပြု၍ ငါ​ပြော၏။ အ​ကြင်​အ​ရာ​ကို သူ​တစ်​ပါး မှီ​ဝဲ၍ ရဲ​ရင့်၏။ ထို​အ​ရာ​ကို​ငါ​မှီ​ဝဲ၍ ရဲ​ရင့်​ခြင်း​ရှိ၏​ဟု သူ​ရူး​ကဲ့​သို့​ငါ​ဆို၏။-


ထို​သို့​သော ယုံ​ကြည်​မျှော်​လ​င့်​ခြင်း​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် ထိမ်​ဝှက်​ခြင်း အ​လျှင်း​မ​ရှိ။ အ​တည့်​အ​လင်း ဟော​ပြော​ကြ၏။-


မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။-


သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့၌ ဆင်း​ရဲ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကြီး​စွာ​သော တိုက်​လှန်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ၏။-


ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏​တ​မန်​တော်​ဖြစ်၍၊ လေး​သော​ဝန်​ကို တင်​ပိုင်​သော်​လည်း၊ လူ​ပေး​သော ဘုန်း​အ​သ​ရေ​ကို သင်​တို့​တွင်​မ​ရှာ၊ အ​ခြား​သူ​တို့​တွင်​လည်း မ​ရှာ​ဘဲ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ