Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 8:8 - Judson Bible in Zawgyi Version

8 ဆီ​ရော​သော​မုန့်​ညက်​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သူ​တို့​သည် နွားထီး​ပျို​တစ်​ကောင်​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​ကို ယူဆောင်​လာ​ရ​မည်​။ သင်​သည်​လည်း အပြစ်ဖြေရာယဇ်​အတွက် နွားထီးပျို​နောက်​တစ်​ကောင်​ကို ယူလာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ထို​နောက်​သူ​တို့​သည်​နွား​ထီး​ပေါက်​တစ်​ကောင် နှင့်​ဘော​ဇဉ်​သ​ကာ​အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား သော​မုန့်​ညက်​ကို​ယူ​ဆောင်​ခဲ့​စေ​ရ​မည်။ အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​နောက်​ထပ်​နွား​တစ်​ကောင် ယူ​ဆောင်​ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 8:8
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊


ထို​မုန့်​များ​ကို တောင်း​တစ်​လုံး​ထဲ၌​ထည့်​ပြီး​မှ၊ နွား​တစ်​ကောင်၊ သိုး​နှစ်​ကောင်​နှင့်​တ​ကွ ဆောင်​ခဲ့​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။


နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။


အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ မုန့်​ညက်​ကို​ဆက်​ရ​မည်။ မုန့်​ညက်​အ​ပေါ်​မှာ ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​လည်း​ထည့်​ပြီး​မှ၊


ထို​သို့ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပ​ရိ​သတ်​တို့​သည် အ​သက်​ပျို​သော​နွား​ထီး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့၍​ဆက်​ရ​မည်။


ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊


သင်​သည် အာ​ရုန်​နှင့် သူ၏​သား​များ၊ အ​ဝတ်​များ၊ လိမ်း​ရန်​ဆီ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​နွား​ထီး၊ သိုး​ထီး​နှစ်​ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ၍၊


ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-


အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ