Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 8:19 - Judson Bible in Zawgyi Version

19 သူ​တို့​သည်​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌၊ ဣ​သ​ရေ​လ​အ​မျိုး​သား ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ ချဉ်း​ကပ်​သော​အ​ခါ၊ ဘေး​ဒဏ်​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က လေ​ဝိ​သား​တို့​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​သည်​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 အစ္စရေး​အမျိုးသား​တို့​အတွက် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် အမှု​တော်​ထမ်း​ရန်​နှင့် အစ္စရေး​အမျိုးသား​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ငါ​သည် အစ္စရေး​လူမျိုး​ထဲမှ လေဝိ​အမျိုး​ကို အာရုန်​နှင့်​သူ့​သား​တို့​အား လုံးလုံး​ပေးအပ်​ထား​ပြီ​။ သို့မှ အစ္စရေး​အမျိုးသား​တို့ သန့်ရှင်းရာဌာန​သို့​ချဉ်းကပ်​သောအခါ ဘေးဒဏ်​မ​ကျရောက်​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ပူ​ဇော် သ​ကာ​အ​ဖြစ် အာ​ရုန်​နှင့်​သူ​၏​သား​များ လက်​သို့​အပ်​နှံ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုယ်​စား​တဲ​တော်​တွင်​အ​မှု ထမ်း​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​နီး​သို့​ချဉ်း​ကပ်​၍ ဘေး​ဒဏ်​မ​သင့်​စေ​ရန်​သူ​တို့​က​ကာ​ကွယ် စောင့်​ရှောက်​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 8:19
12 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်၌ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြု​ကြ၏။


လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊


မော​ရှေ​က​လည်း၊ သင်​သည် လင်​ပန်း​ကို​ကိုင်၍ ယဇ်​ပ​လ္လင်​ပေါ်​က​မီး​ကို ယူ​ထည့်​ပြီး​လျှင်၊ လော​ဗန်​ကို​လည်း​တင်​လျက်၊ ပ​ရိ​သတ်​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​သွား၍ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က အ​မျက်​တော်​ထွက်၍ ဘေး​ဥ​ပဒ်​ရောက်​လျက်​ရှိ​ပြီ​ဟု၊


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက်၊ လေ​ဝိ​သား​တို့​ကို ငါ​ယူ၏။


လေ​ဝိ​သား​အ​မှု၌၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် လေ​ဝိ​သား​တို့​ကို​ပြု​ကြ​လျှင်၊


ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ