တောလည်ရာ 7:84 - Judson Bible in Zawgyi Version84 ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်84 ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version84-88 ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊ -အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊ -နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊ -မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊ -အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။ -မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။ အခန်းကိုကြည့်ပါ။ |