Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 6:19 - Judson Bible in Zawgyi Version

19 ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည် ပြုတ်​သော ဆိတ်​ပ​ခုံး​တစ်​ဖက်၊ တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​ပြား​တစ်​ပြား၊ တ​ဆေး​မဲ့​မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍ နာ​ဇ​ရိ​လူ​လက်၌​ထည့်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 နာဇရိ​လူ​ဖြစ်​ခြင်း​နှင့်ဆိုင်သော သူ​၏​ခေါင်း​ကို​ရိတ်​ပြီးနောက် ယဇ်ပုရောဟိတ်​သည် ပြုတ်​ထား​သော​သိုးထီး​ပခုံး​နှင့် တောင်း​ထဲမှ တဆေးမဲ့​မုန့်ဝိုင်း​တစ်​ခု​၊ တဆေးမဲ့​မုန့်ကြွပ်​တစ်​ခု​ကို ယူ​၍ သူ​၏​လက်​ထဲသို့ ထည့်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး သော​သိုး​ပ​ခုံး​သား​နှင့်​တ​ကွ မုန့်​တောင်း​ထဲ မှ​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ပြား​ကို နာ​ဇ​ရိ ဂိုဏ်း​ဝင်​၏​လက်​ထဲ​သို့​ထည့်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 6:19
7 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သော​သူ​သည်၊


ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရင်​ပတ်​ကို​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ ပြု​စေ​ခြင်း​ငှာ၊ ရင်​ပတ်​နှင့် ဆီ​ဥ​တည်း​ဟူ​သော​မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ရာ​ကို ကိုယ်​တိုင်​ဆောင်​ခဲ့​ရ​မည်။


အာ​ရုန်၏​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ​၏။


မော​ရှေ​သည်၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​လည်း၊ ထို​သိုး၏​အ​သား​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​ပြုတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ထို​အ​သား​ကို​စား​ရ​ကြ​မည်​ဟု ငါ့​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​အ​သား​ကို​လည်း​ကောင်း၊ အ​ရာ၌​ခန့်​ထား​ရာ မုန့်​တောင်း၌​ရှိ​သော​မုန့်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်၌ စား​ကြ​လော့။


ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊


ဆီ​ဥ​ကို မီး​မ​ရှို့​မီ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​သည်​လာ၍၊ ယဇ်​ပု​ရော​ဟိတ်​ဖို့ ကင်​စ​ရာ​အ​မဲ​သား​ကို ပေး​ပါ။ ပြုတ်​သော အ​မဲ​သား​ကို မ​ယူ။ စိမ်း​သော​အ​မဲ​သား​ကို​သာ​ယူ​မည်​ဟု ယဇ်​ပူ​ဇော်​သော​သူ​အား ဆို​တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ