တောလည်ရာ 5:7 - Judson Bible in Zawgyi Version7 ထိုအပြစ်ကို ဖော်ပြ၍တောင်းပန်ရမည်။ ပြစ်မှားသောအတွက်၊ ငါးစုတစ်စုကိုထပ်၍ ပြစ်မှားခံသောသူအားပေးရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 ထိုသူသည် မိမိပြုမိသောအပြစ်ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်အတွက် မိမိပြစ်မှားသောသူကို အပြည့်အဝပြန်လျော်ရမည့်အပြင် ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။- အခန်းကိုကြည့်ပါ။ |
ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဖော်ပြတောင်းပန်လျှင်လည်းကောင်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်လည်းကောင်း၊
တစ်စုံတစ်ယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကိုလည်းကောင်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သောအလျော်ငွေကိုလည်းကောင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။