Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 4:6 - Judson Bible in Zawgyi Version

6 ကု​လား​ကာ​အ​ပေါ်​မှာ တ​ဟာ​ရှ​သား​ရေ​နှင့် အုပ်​ပြန်၍ သား​ရေ​အ​ပေါ်​မှာ​လည်း ပြာ​သော​အ​ထည်​ကို​ခင်း​ပြီး​မှ၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ကန့်လန့်ကာ​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖုံးအုပ်​၍ ထို​အပေါ်​၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​ပြီးလျှင် သေတ္တာ​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 4:6
11 ပူးပေါင်းရင်းမြစ်များ  

အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို၊ အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ သေ​တ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။


သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​ဝတ်​ရန် သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု​ဆင့်​ဆို၏။


သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ၊ ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​နှင့် လုပ်​လေ၏။


သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ ဝတ်​ရ​သော​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်၊ သူ၏​သား ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း


ထို​ပ​လ္လင်​နှင့်​ဆိုင်​သော အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တည်း​ဟူ​သော​လင်​ပန်း၊ အ​မဲ​သား​ချိတ်၊ တူး​ရွင်း​ပြား၊ အင်​တုံ​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို တင်၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။


အ​တွင်း​တဲ​တော်​ကု​လား​ကာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကု​လား​ကာ၊ အ​ပေါ်​တဲ၊ တ​ဟာ​ရှ​သား​ရေ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာတဲ​တော် တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊


ဤ​ပ​ညတ်​တ​ရား​ကို မော​ရှေ​သည်​ရေး​ထား၍ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ အ​ပေါင်း​တို့၌​အပ်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ