တောလည်ရာ 4:33 - Judson Bible in Zawgyi Version33 ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်၍၊ ပရိသတ်အစည်းဝေးရာတဲတော်၌ မေရာရိအဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်33 ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်တွင် ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ၏ဦးဆောင်မှုအောက်၌ မေရာရိသားမြေးတို့၏မျိုးနွယ်စုများ လုပ်ဆောင်ရမည့်အလုပ်အားလုံးဖြစ်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version33 ဤသည်တို့သည်ကားတဲတော်တွင်မေရာရိ သားချင်းစုတို့ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သည်။ သူတို့သည်ယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရမည်။ အခန်းကိုကြည့်ပါ။ |
မောရှေနှင့်အာရုန် အစရှိသောပရိသတ်သူကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသတည်း။