Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 4:28 - Judson Bible in Zawgyi Version

28 ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည် သူ​တို့​ကို​အုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ဂေရရှုန်​သားမြေး​တို့​၏​မျိုးနွယ်စု​များ​နှင့်ဆိုင်သော​အလုပ်​ဖြစ်​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​၏​ဦးဆောင်မှု​အောက်​၌ တာဝန်​ထမ်းဆောင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 ဤ​သည်​တို့​ကား​တဲ​တော်​တွင်​ဂေ​ရ​ရှုန်​သား​ချင်း စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ​ဖြစ်​သည်။ သူ တို့​သည်​ယဇ်ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဣ​သ​မာ ညွှန်​ကြား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 4:28
6 ပူးပေါင်းရင်းမြစ်များ  

ဤ​ရွေ့​ကား၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည်၊ လေ​ဝိ​လူ​များ အ​မှု​တော်​ဆောင်​စ​ရာ​တဲ​တော်​ကို ရေ​တွက်​မှတ်​သား​သော သက်​သေ​ခံ​ချက် တဲ​တော်​စာ​ရင်း​ပေ​တည်း။


ဂေ​ရ​ရှုန်​သား​များ​အ​မှု​စောင့်​လေ​ရာ​ရာ၊ ဝန်​ထမ်း​လေ​ရာ​ရာ၌၊ အာ​ရုန်​နှင့်​သူ၏​သား​တို့ ခွဲ​ခန့်​စီ​ရင်​သည်​အ​တိုင်း ဆောင်​ရွက်​ရ​ကြ​မည်။


မေ​ရာ​ရိ​သား​တို့​တွင်​လည်း၊ အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ အ​ပေါင်း​တို့​ကို ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​လော့။


ဤ​ရွေ့​ကား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်၍၊ ပ​ရိ​သတ်​အ​စည်း​ဝေး​ရာ​တဲ​တော်၌ မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော အ​မှု​ပေ​တည်း။


အ​မှု​ဆောင်​ရွက်​စ​ရာ​ရှိ​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်​သော​ဂေ​ရ​ရှုန်​သား​တို့​အား ရ​ထား​နှစ်​ခု​နှင့် နွား​လေး​ကောင်​တို့​ကို​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ