Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 4:18 - Judson Bible in Zawgyi Version

18 ကော​ဟတ်​အ​ဆွေ​အ​မျိုး​အ​နွယ်​သား​တို့​ကို လေ​ဝိ​သား​စု​ထဲ​က မ​ပယ်​မ​ဖြတ်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 “​ကောဟတ်​မျိုးနွယ်​၏​မျိုးနွယ်စု​တို့​ကို လေဝိ​အမျိုး​တို့​ထဲ​မှ မ​ပယ်ဖျက်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18-19 ``ကော​ဟတ်​၏​သား​ချင်း​စု​တို့​ကို​အ​လွန်​သန့်​ရှင်း သော​ပစ္စည်း​များ​အ​နီး​သို့​မ​ချဉ်း​ကပ်​စေ​နှင့်။ ထို အ​ဖြစ်​မျိုး​မ​ဆိုက်​ရောက်​စေ​ရန်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​လူ​အ​သီး သီး​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​နှင့်​ထမ်း​ရ​မည့် ဝန်​တို့​ကို​ခန့်​ခွဲ​ပေး​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 4:18
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည်​ကြည့်​ရှု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ကျော်​ဝင်၍၊ အ​များ​တို့​သည်​သေ​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့် ဆင်း​၍​သ​တိ​ပေး​လော့။


ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။


အ​ကြင်​သူ​သည် မိ​မိ​ရှူ​စ​ရာ​ဖို့ ထို​နံ့​သာ​ပေါင်း​နှင့် တူ​အောင်​ဖော်၏။ ထို​သူ​သည် မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။


ထို​သို့​ကိုယ်​တော်၏​မ​ယား​နှင့် သား​သ​မီး​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​လူ​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​လည်း သူ​တို့​လက်​နှင့်​မ​လွတ်​ဘဲ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့​ရောက်၍၊ ဤ​မြို့​ကို မီး​ရှို့​စေ​တော်​မူ​မည်​ဟု လျှောက်၏။


မိ​မိ​ခံ​တွင်း​ကို​ဖွင့်​သ​ဖြင့်၊ သူ​တို့​နှင့် သူ​တို့​အိမ်​များ​ကို​လည်း​ကောင်း၊ ကော​ရ​နှင့်​ဆိုင်​သ​မျှ​သော​သူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း မျို​လေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပုန်​ကန်​သော​သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်၏​လှံ​တံ​ကို သက်​သေ​ခံ​ချက်​ရှေ့၌ ပြန်​ထား၍ အ​မြဲ​ရှိ​စေ​လော့။ ထို​သို့ သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို ငါ​နား​မ​ငြီး​ရာ​ဟု၊


နောက်​တစ်​ဖန်​အ​မျက်​တော်​ထွက်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ယဇ်​ပ​လ္လင်​ကို စောင့်​ရ​ကြ​မည်။


ကော​ဟတ်​မှ​ဆင်း​သက်​သော အာ​မ​ရံ​အ​ဆွေ​အ​မျိုး၊ ဣ​ဇ​ဟာ​အ​ဆွေ​အ​မျိုး၊ ဟေ​ဗြုန်​အ​ဆွေ​အ​မျိုး၊ ဩ​ဇေ​လ​အ​ဆွေ​အ​မျိုး​တို့​သည်၊ ကော​ဟတ်​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။


တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊


သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို ချဉ်း​ကပ်​သော​အ​ခါ သေ​ဘေး​လွတ်၍ အ​သက်​ရှင်​မည်​ဖြစ်​ကြောင်း အာ​ရုန်​နှင့် သူ၏​သား​တို့​သည် အ​ရင်​ဝင်၍ လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​တို့​ကို​ခွဲ​ခန့်​ရ​မည်။


ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ