Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 4:14 - Judson Bible in Zawgyi Version

14 ထို​ပ​လ္လင်​နှင့်​ဆိုင်​သော အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တည်း​ဟူ​သော​လင်​ပန်း၊ အ​မဲ​သား​ချိတ်၊ တူး​ရွင်း​ပြား၊ အင်​တုံ​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို တင်၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ထို​အဝတ်​ပေါ်တွင် ယဇ်ပလ္လင်​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် မီးကျီးခံဗန်း​၊ ခက်ရင်းခွ​၊ ဂေါ်ပြား​၊ ဇလုံ​စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တင်​ရ​မည်​။ ထို​အရာ​တို့​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖြန့်ခင်း​ပြီးလျှင် ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ထို​အ​ပေါ်​တွင်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော မီး​ခံ​ခွက်၊ ချိတ်၊ ဂေါ်​ပြား၊ ဖ​လား​စ​သော​အ​သုံး​အ​ဆောင် ပစ္စည်း​အား​လုံး​တို့​ကို​တင်​ထား​ရ​မည်။ ထို​နောက် ပလ္လင်​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​ကို နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​၍​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 4:14
7 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​လည်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ​စား​ပွဲ၊


တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော ယဇ်​ပ​လ္လင်​ကို၊ အ​ကာ​ရှ​သား​နှင့် လုပ်​ရ​မည်။ အ​မြင့်​လည်း သုံး​တောင်​ရှိ​ရ​မည်။


ပြာ​ခံ​စ​ရာ​အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။


ယဇ်​ပ​လ္လင်​မှ​ပြာ​ကို​ပယ်​ရှင်း၍ ပ​လ္လင်​ပေါ်​မှာ မောင်း​သော​အ​ထည်​ကို ခင်း​ပြီး​လျှင်၊


ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။


ကု​လား​ကာ​အ​ပေါ်​မှာ တ​ဟာ​ရှ​သား​ရေ​နှင့် အုပ်​ပြန်၍ သား​ရေ​အ​ပေါ်​မှာ​လည်း ပြာ​သော​အ​ထည်​ကို​ခင်း​ပြီး​မှ၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ