Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 36:4 - Judson Bible in Zawgyi Version

4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​ဝင်​သော​အ​မျိုး၏​အ​မွေ၌ အ​မြဲ​တည်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့၏ မိ​စဉ်​ဘ​ဆက်​အ​မွေ​မှ အ​စဉ်​နုတ်​လျက် ရှိ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 အစ္စရေး​အမျိုးသား​တို့​၏​ရွှေရတုနှစ်​ရောက်​သောအခါ သူ​တို့​၏​အမွေ​သည် သူ​တို့​နှင့်​စုံဖက်​သော​အမျိုးအနွယ်​၏​အမွေ​ထဲသို့ ထည့်ပေါင်း​ခြင်း​ဖြင့် သူ​တို့​၏​အမွေ​ကို အကျွန်ုပ်​တို့​ဘိုးဘေး​တို့​အမျိုးအနွယ်​၏​အမွေ​ထဲမှ နုတ်ယူ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ရောင်း​ချ​သော​ပစ္စည်း​အား​လုံး​ကို​မူ​လ​ပိုင်​ရှင် များ​၏​လက်​သို့​ပြန်​အပ်​ရ​သော​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​ယု​ဘိ​လ​နှစ်​သို့​ရောက်​သော အ​ခါ ဇ​လော​ဖဒ်​သ​မီး​တို့​၏​မြေ​သည်​သူ​တို့ စုံ​ဖက်​သော​အ​နွယ်​ဝင်​တို့​လက်​သို့​အ​မြဲ​တမ်း ရောက်​ရှိ​မည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​နွယ် အ​တွက်​ဆုံး​ရှုံး​နစ်​နာ​ပါ​သည်'' ဟု​လျှောက် ထား​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 36:4
7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊


မြေ​ကို သူ​တစ်​ပါး​အ​စဉ်​ပိုင်​စေ​ခြင်း​ငှာ မ​ရောင်း​ရ။ မြေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင်​တို့​သည် ငါ၌​တည်း​သော ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ကြ၏။


ဥ​ပုသ်​နှစ် ခု​နစ်​နှစ်​ကို​ရေ​တွက်၍၊ ခု​နစ်​နှစ် ခု​နစ်​လီ​တည်း​ဟူ​သော လေး​ဆယ်​ကိုး​နှစ်​စေ့​ပြီး​မှ၊


ထို​မိန်း​မ​တို့​သည် မိ​မိ​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့် စုံ​ဖက်​လျှင်၊ သူ​တို့​အ​မွေ​မြေ​ကို အ​ကျွန်ုပ်​တို့ မိ​ဘ​အ​စဉ်​အ​ဆက်​အ​မွေ​မှ​နုတ်၍ သူ​တို့​ဝင်​သော​အ​မျိုး၏ အ​မွေ​ထဲ၌​ပါ​သွား​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​အ​မွေ​မြေ​သည် လျော့​ပါ​လိမ့်​မည်။


ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မှာ​ထား​လေ​သည်​မှာ၊ ယော​သပ်​အ​မျိုး​သား​တို့၏​စ​ကား​သည် လျောက်​ပတ်​ပေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ