Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 36:13 - Judson Bible in Zawgyi Version

13 ဤ​ရွေ့​ကား၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တော​လည်​ရာ​ကျမ်း​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ဤသည်ကား ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​မှတစ်ဆင့် အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား​မိန့်မှာ​သည့် ပညတ်ချက်​နှင့်​စီရင်ထုံးဖွဲ့ချက်​များ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 36:13
12 ပူးပေါင်းရင်းမြစ်များ  

ဤ​ရွေ့​ကား​စင်​ကြယ်၊ မ​စင်​ကြယ်၊ စား​အပ်၊ မ​စား​အပ်​သော တိ​ရ​စ္ဆာန်​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ၊ သား၊ ငှက်၊ ရေ၌​သွား၍ အ​သက်​ရှင်​သော​တိ​ရ​စ္ဆာန်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​နှင့် ဆိုင်​သော​တ​ရား​ဟု မိန့်​တော်​မူ၏။


ဤ​ရွေ့​ကား စင်​ကြယ်​သည်၊ မ​စင်​ကြယ်​သည်​ကို​စီ​ရင်​စေ​ခြင်း​ငှာ နူ​နာ​စွဲ​သော ပိတ်​အ​ဝတ်၊ သိုး​မွေး​အ​ဝတ်၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား၊ သား​ရေ​အ​သုံး​အ​ဆောင်​တို့​နှင့်​ဆိုင်​သော​တ​ရား ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။


ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ​လက်​တွင်​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။


ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ၌​ထား​တော်​မူ​သော ပ​ညတ်​တော်​များ ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော ဝတ်​ပြု​ရာ​ကျမ်း​ပြီး၏။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။


သူ​တို့​သည် မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌၊


မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်၍၊


မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊


ထို​သို့ ယော​သပ်​တွင်​မြင်​သော မ​နာ​ရှေ​သား​အ​ဆွေ​အ​မျိုး၌ စုံ​ဖက်​ခြင်း​အ​မှု​ကို​ပြု၍၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​မိ​စဉ်​ဘ​ဆက် အ​မျိုး​တည်​နေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ