Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 35:6 - Judson Bible in Zawgyi Version

6 လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင်၊ လူ​ကို​သတ်​သော​သူ​သည် ပြေး၍​မှီ​ခို​ရာ​မြို့ ခြောက်​မြို့​တို့​ကို ရွေး​ထား​ရ​မည်။ ထို​မြို့​များ​အ​ပြင် အ​ခြား​သော မြို့​လေး​ဆယ်​နှစ်​မြို့​တို့​ကို ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 လေဝိ​အမျိုး​တို့​အား သင်​တို့​ပေး​ရ​မည့်​မြို့​များ​မှာ လူသတ်​မိ​သော​သူ ထွက်ပြေး​ပြီး ခိုလှုံ​နိုင်​သော​မြို့​ခြောက်​မြို့​အပြင် မြို့​လေးဆယ့်​နှစ်​မြို့ ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 လူ​တစ်​ဦး​အား​ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ ဘဲ​နှင့် သတ်​မိ​သူ​ထွက်​ပြေး​၍​ခို​လှုံ​နိုင်​ရန် မြို့​ခြောက်​မြို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ပေး​ရ​မည်။ ထို့​အ​ပြင်​အ​ခြား​မြို့​လေး​ဆယ့် နှစ်​မြို့​တို့​ကို​လည်း​သူ​တို့​အား​ပေး​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 35:6
18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။


အ​သေ​သတ်​မည်​အ​ကြံ​မ​ရှိ​ဘဲ၊ သူ၏​လက်၌ လူ​အ​သက်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မူ​လျှင်၊ ပြေး​ရ​သော​အ​ရပ်​ကို ငါ​ခန့်​ထား​မည်။


နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို ကွယ်​ကာ​သော​တဲ၊ မိုး​သက်​မုန်​တိုင်း​ရောက်​မှ လုံ​ခြုံ​သော​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။


မြို့​ပြင်၊ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်​အ​ရပ်​လေး​မျက်​နှာ၌ နှစ်​ထောင်​စီ​တိုင်း​ထွာ၍၊ ထို​မြေ​အ​လယ်​ချက်၌ မြို့​တည်​ရ​မည်။ ဤ​ရွေ့​ကား၊ မြို့​နယ်​အ​တိုင်း အ​ရှည်​ဖြစ်​ရ​သ​တည်း။


ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-


အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။-


လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဟေ​ဗြုန်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​အား​ပေး​ကြ၏။


လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။


လေ​ဝိ​အ​ဆွေ​အ​မျိုး၊ ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ ဗေ​ရှ​တေ​ရ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း၊


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မိ​မိ​တို့​အ​မွေ​ခံ​ရ​သော​မြေ​ထဲ​က၊ မြို့​နှင့် မြို့​နယ်​တို့​ကို​ပေး​ကြ၏။


နဿ​လိ​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂါ​လိ​လဲ​ပြည်၌ ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဟ​မ္မု​ဒ္ဒေါ​မြို့​နှင့် မြို့​နယ်၊ ကာ​တံ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော သုံး​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။


ရု​ဗင်​ခ​ရိုင်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ တော၌ ဗေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယ​ဟာ​ဇ​မြို့​နှင့် မြို့​နယ်၊


ဂဒ်​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ