Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 35:24 - Judson Bible in Zawgyi Version

24 ယ​ခု​စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​သည် သတ်​သော​သူ​နှင့် သေ​စား​သေ​စေ​သော​သူ စပ်​ကြား၌​တ​ရား​စီ​ရင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 လူထု​သည် လူ​သတ်​မိ​သော​သူ​နှင့် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​အကြား​၌ ဤ​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း တရားစီရင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 လူ​ပ​ရိတ်​သတ်​က​လူ​သတ်​မှု​ကူး​လွန်​သူ နှင့် သေ​ဆုံး​သူ​၏​အ​နီး​ဆုံး​သွေး​တော်​စပ် သူ​တို့​အ​ကြား​တ​ရား​ဓမ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 35:24
4 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​တို့​ကား၊ လူ​အ​သက်​ကို​သတ်​သော​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍၊ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​တိုင်​အောင်၊ သေ​စား​သေ​စေ​သော​သူ၏ လက်​မှ​လွတ်၍ မှီ​ခို​ရာ​မြို့​ဖြစ်​ရ​သ​တည်း။


သူ၏​ရန်​သူ​မ​ဟုတ်၊ မုန်း​သော​စိတ်​မ​ရှိ၊ သူ့​ကို​မ​မြင်​ဘဲ​လျက် သေ​အောင်​ကျောက်​ခဲ​နှင့် ပစ်​မိ​သော်​လည်း​ကောင်း၊


သတ်​သော​သူ​ကို သေ​စား​သေ​စေ​သော​သူ၏​လက်​မှ​နုတ်​သ​ဖြင့်၊ အ​ထက်​က​ပြေး၍ မှီ​ခို​သော​မြို့​သို့ ပြန်​ပို့​ရ​မည်။ ဓ​မ္မ​ဆီ​လောင်း​ခြင်း​ကို​ခံ​ရ​သော ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​တိုင်​အောင် ထို​မြို့၌​နေ​ရ​မည်။


ထို​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​သော်​လည်း​ကောင်း၊ ထို​ကာ​လ ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​သော်​လည်း​ကောင်း ထို​မြို့၌​နေ​ရ​မည်။ ထို​နောက်​မှ ပြန်​လာ၍ အ​ထက်​ပြေး​ရ​သော​မြို့၊ မိ​မိ​နေ​ရင်း​အိမ်၌ နေ​ရ​သော​အ​ခွင့်​ရှိ​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ