Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 35:2 - Judson Bible in Zawgyi Version

2 သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် အ​မွေ​ခံ​သော​မြေ၌ လေ​ဝိ​သား​တို့​နေ​စ​ရာ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ မြို့​ပတ်​လည်​နယ်​တို့​ကို​လည်း​ကောင်း ပေး​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 “​အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​ပိုင်​သော​အမွေမြေ​ထဲမှ လေဝိ​အမျိုး​တို့​အား နေထိုင်စရာ​မြို့​တို့​ကို​လည်းကောင်း​၊ ထို​မြို့​တို့​၏​ပတ်ပတ်လည်​ရှိ စားကျက်မြေ​တို့​ကို​လည်းကောင်း ပေး​ရ​မည်​ဟု ဆင့်ဆို​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 35:2
14 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် အ​လို​ရှိ၍ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ဣ​သ​ရေ​လ နိုင်​ငံ​အ​ရပ်​ရပ်၌ ကျန်​ကြွင်း​သေး​သော ငါ​တို့​ညီ​အစ်​ကို​များ၊ မြို့​နှင့် မြို့​နယ်၌​နေ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​တို့​သည် ငါ​တို့​နှင့်​အ​တူ စည်း​ဝေး​စေ​ခြင်း​ငှာ အ​နှံ့​အ​ပြား​စေ​လွှတ်​ကြ​ကုန်​အံ့။


လေ​ဝိ​သား​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​ဖြစ်​သော ပိုင်​ထိုက်​ရာ​အ​ရပ်​ကို စွန့်၍၊ ယု​ဒ​ပြည်​ယေ​ရု​ရှင်​မြို့​သို့ ရောက်​လာ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ယေ​ရော​ဗောင်​နှင့် သူ၏​သား​တို့​သည်၊ လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို စောင့်​ရ​သော​အ​ရာ​မှ​ချ၍၊


ထို​အ​တူ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​နေ​စ​ရာ​ဖို့ ခွဲ​ထား​သော​မြို့​နယ်​တို့၌ နေ​သော အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ယောက်ျား၊ စာ​ရင်း​ဝင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​အား​လည်း ပေး​ဝေ​ရ​ကြ၏။


အ​မှု​တော်​စောင့်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​လယ်​ယာ​သို့ ပြေး​သွား​ကြ​သည်​ကို ငါ​ထောက်၍၊ သူ​တို့​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို မ​ခံ​မ​ရ​ကြောင်း​ကို ငါ​ရိပ်​မိ​လျက်၊


ထို​သို့​စပ်​ကြား​မှာ​ကျ​သော လေ​ဝိ​လူ​နေ​ရာ အ​ပိုင်း​အ​ခြား၊ မြို့​နယ်​အ​ပိုင်း​အ​ခြား၊ ပြင်​ဘက်​နှစ်​ဖက်၊ ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​စပ်​ကြား​မှာ ကျ​သော​မြေ​ရှိ​သ​မျှ​သည် မင်း​သား​အ​ဖို့​ဖြစ်​ရ​မည်။


ယု​ဒ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် သင်​တို့​ပူ​ဇော်​ရ​သော မြေ​ကွက်​ရှိ​ရ​မည်။ ထို​မြေ​အ​နံ​ကား၊ ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​လျား​ကား အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ခ​ရိုင်​အ​လျား​နှင့် ညီ​ရ​မည်။ ထို​မြေ​အ​တွင်း၌ သန့်​ရှင်း​ရာ​ဌာ​န​ရှိ​ရ​မည်။


မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊


ထို​မြို့​တို့​သည် လေ​ဝိ​သား​နေ​စ​ရာ​ဖို့​ဖြစ်၍၊ မြို့​ပတ်​လည်​နယ်​တို့၌ သိုး​နွား အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​ထား​ရ​မည်။


ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တည်း​ခို​သော လေ​ဝိ​သား​တစ်​စုံ​တစ်​ယောက်​သည်၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​ကို ကြည်​ညို​သော​စိတ်​အား​ကြီး၍ ရောက်​လာ​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ