တောလည်ရာ 35:19 - Judson Bible in Zawgyi Version19 သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။ အခန်းကိုကြည့်ပါ။ |
မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကိုသတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည် အထူးသဖြင့် မဖျက်ဆီးစေခြင်းငှာ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား၏ဆံပင်တစ်ပင်မျှ မြေပေါ်သို့မကျရဟု မိန့်တော်မူ၏။
ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတစ်ဖက်၌ ထကြ၍ အစ်ကိုကိုသတ်သောသူကို သေစားသေစေခြင်းငှာ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟု ဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကိုလည်းကောင်း၊ အကျန်အကြွင်းကိုလည်းကောင်း၊ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊