Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 35:12 - Judson Bible in Zawgyi Version

12 ထို​မြို့​တို့​ကား၊ လူ​အ​သက်​ကို​သတ်​သော​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍၊ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​တိုင်​အောင်၊ သေ​စား​သေ​စေ​သော​သူ၏ လက်​မှ​လွတ်၍ မှီ​ခို​ရာ​မြို့​ဖြစ်​ရ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 လူသတ်​မိ​သော​သူ​သည် လူထု​ရှေ့​၌​ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ အသတ်​မ​ခံရ​မည့်​အကြောင်း လက်စားချေ​သူ​၏​လက်​မှ​လွတ်မြောက်​ရန်​အတွက် ထို​မြို့​တို့​သည် ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 35:12
10 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကျွန်​မ​တစ်​ဖက်၌ ထ​ကြ၍ အစ်​ကို​ကို​သတ်​သော​သူ​ကို သေ​စား​သေ​စေ​ခြင်း​ငှာ အပ်​ရ​မည်။ အ​မွေ​ခံ​ကို​လည်း ငါ​တို့​ပယ်​ရှင်း​မည်​ဟု ဆို​ကြ​ပါ၏။ ထို​သို့​ပြု​လျှင်၊ ကျွန်​တော်​မ၌ ကျန်​ကြွင်း​သေး​သော​မီး​ခဲ​ကို သူ​တို့​သည် သတ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မ​လင်၏​အ​မည်​ကို​လည်း​ကောင်း၊ အ​ကျန်​အ​ကြွင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​လေ​သော်၊


လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ မှီ​ခို​ရာ​မြို့​သုံး​မြို့၊


သေ​စား​သေ​စေ​သော​သူ​သည် လူ​သတ်​ကို​တွေ့​သော​အ​ခါ၊ ကိုယ်​တိုင်​သတ်​ရ​မည်။


လူ​အ​သက်​ကို​သတ်​မိ၍၊ ကိုယ်​အ​သက် ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထို​မြို့​သို့​ပြေး​ရ​သော သူ၏​အ​မှု​ဟူ​ကား၊ လူ​သည် ထင်း​ခုတ်​ခြင်း​ငှာ အ​ဖော်​နှင့်​တော​သို့​သွား၍ သစ်​ပင်​ကို ခုတ်​လှဲ​စဉ်​အ​ခါ၊ ပု​ဆိန်​သည် အ​ရိုး​ကျွတ်၍ အ​ဖော်​ကို ထိ​သော​ကြောင့်၊ မိ​မိ​အ​ဖော်​သေ​အောင် ပြု​မိ​သော​သူ​နှင့်​တူ၍၊ ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​ဘဲ မိ​မိ​အ​ဖော်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည်၊ ထို​မြို့​တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။


သို့​မ​ဟုတ် သေ​စား​သေ​စေ​သော​သူ​သည် စိတ်​မာန်​ထ​စဉ်​အ​ခါ၊ လူ​သတ်​ကို​လိုက်​လျက် ခ​ရီး​ဝေး​သော​ကြောင့် မီ၍​သတ်​လိမ့်​မည်။ ထို​သို့ မ​သတ်​သင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မိ​မိ​အ​ဖော်​ကို ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို မ​ခံ​ထိုက်။


သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သည်​အ​တိုင်း၊


ဤ​မြို့​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​မှတ်​တ​မဲ့ လူ​အ​သက်​ကို သတ်​မိ​သော​သူ​သည် သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ ပ​ရိ​သတ်​ရှေ့​သို့ မ​ရောက်​မီ​တိုင်​အောင် ပြေး​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ ရွေး​ထား​သော​မြို့ ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ