Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 35:1 - Judson Bible in Zawgyi Version

1 မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 တစ်ဖန် ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ ထာဝရဘုရား​က မောရှေ​အား

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 35:1
12 ပူးပေါင်းရင်းမြစ်များ  

ဤ​မည်​သော​မြို့​တို့​ကို မြို့​နယ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လေ​ဝိ​သား​တို့​အား ပေး​ကြ၏။


သို့​ရာ​တွင် လေ​ဝိ​သား​ပိုင်​သော​မြို့​နှင့် မြို့​အိမ်​တို့​ကို၊ အ​ဘယ်​ကာ​လ​အ​ချိန်​မ​ဆို​ဘဲ ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ၏။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။


သူ​တို့​သည် မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌၊


ဤ​ရွေ့​ကား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည်၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌​စာ​ရင်း​ယူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ပေ​တည်း။


မော​ဘ​လွင်​ပြင် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တပ်​ချ​လျက်​နေ​သော မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​တို့​ထံ​သို့ ဆောင်​ခဲ့​ကြ၏။


မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်၍၊


ဤ​သူ​တို့​သည် ခါ​နာန်​ပြည်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မွေ​မြေ​ကို ဝေ​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​ကြ​သ​တည်း။


သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် အ​မွေ​ခံ​သော​မြေ၌ လေ​ဝိ​သား​တို့​နေ​စ​ရာ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ မြို့​ပတ်​လည်​နယ်​တို့​ကို​လည်း​ကောင်း ပေး​ရ​ကြ​မည်။


ဤ​ရွေ့​ကား၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တော​လည်​ရာ​ကျမ်း​ပြီး၏။


မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ မြေ​ကို​ဝေ​ဖန်​ကြ၏။


လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ထံ​သို့​ချဉ်း​ကပ်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ