Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 34:8 - Judson Bible in Zawgyi Version

8 ထို​တောင်​မှ ဟာ​မတ်​လမ်း​ဝ၊ ဇေ​ဒဒ်​ရွာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ဟောရ​တောင်​မှ လီဘိုဟာမတ်​အရပ်​အထိ ပိုင်းခြား​၍ ထိုမှ နယ်နိမိတ်​သည် ဇေဒဒ်​အရပ်​အထိ​ရောက်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8-9 ထို​မှ​တစ်​ဆင့်​ဟာ​မတ်​တောင်​ကြား​သို့​လည်း ကောင်း ဖြတ်​သွား​၍​ထို​မှ​တစ်​ဖန်​ဇေ​ဒဒ်​နှင့် ဇိ​ဖြုန်​ကို​ဖြတ်​ပြီး​လျှင်​ဟာ​ဇ​ရေ​နန်​၌ အ​ဆုံး​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 34:8
12 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဒ​ဒေ​ဇာ၏ တပ်​အ​လုံး​အ​ရင်း​ကို ဒါ​ဝိဒ်​လုပ်​ကြံ​ကြောင်း​ကို၊ ဟာ​မတ်​မင်း​ကြီး​တော​ဣ​သည်​ကြား​လျှင်၊


ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။


ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိ​တ္တဲ၏​သား ပ​ရော​ဖက်​ယော​န​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​အ​တိုင်း၊ ထို​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဟာ​မက်​မြို့​ဝင်​ဝ​မှ​သည် ချိုင့်​ပင်​လယ်​တိုင်​အောင် ရန်​သူ​လက်​မှ​နုတ်၍ ပြု​စု​လေ၏။


အာ​ဝ​ဒိ​လူ၊ ဇေ​မ​ရိ​လူ၊ ဟာ​မ​သိ​လူ ဖြစ်​သ​တည်း။


ထို​သို့​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​အ​နား၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ ဟာ​မတ်​မြို့​လမ်း​ဝ​တိုင်​အောင်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊


ကာ​လ​နော​မြို့​သည် ခါ​ခေ​မိတ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သည် အာ​ပဒ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ရှ​မာ​ရိ​မြို့​သည် ဒ​မာ​သက်​မြို့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော။


ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် လိုက်​လျက်၊ ယေ​ရိ​ခေါ​လွင်​ပြင်၌ ဇေ​ဒ​ကိ​မင်း​ကို​မီ၍ ဖမ်း​ဆီး​ပြီး​မှ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ရှိ​ရာ ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ​မင်း၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊


အ​ကယ်​စင်​စစ်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​တစ်​ဖက်၌ လူ​တစ်​မျိုး​ကို ငါ​ထ​စေ၍၊ ထို​လူ​မျိုး​သည် ဟာ​မတ်​မြို့​လမ်း​ဝ​မှ​စ၍ တော၌​ရှိ​သော မြစ်​တိုင်​အောင် သင်​တို့​ကို ညှဉ်း​ဆဲ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။


ထို​သူ​တို့​သည် ဇိ​န​တော​မှ​သွား၍ ဟာ​မတ်​မြို့​သို့​ရောက်​သော​လမ်း​နား၊ ရ​ဟော​ဘ​မြို့​တိုင်​အောင် ခါ​နာန်​ပြည်​ကို​စူး​စမ်း​ကြ၏။


ဇိ​ဖြုန်​ရွာ​ကို​လျှောက်၍ ဟာ​ဇ​ရေ​နန်​ရွာ၌ ဆုံး​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ