Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 34:12 - Judson Bible in Zawgyi Version

12 ယော်​ဒန်​မြစ်​ကို​လိုက်၍ သော​ဒုံ​အိုင်၌​ဆုံး​ရ​မည်။ ဤ​ရွေ့​ကား၊ သင်​တို့ အ​မွေ​ခံ​ရ​သော​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထိုမှ နယ်နိမိတ်​သည် ဂျော်ဒန်​မြစ်​တစ်လျှောက်​ဆက်သွား​၍ ဆား​ပင်လယ်​၌ ဆုံး​ရ​မည်​။ ဤသည်ကား သင်​တို့​ပြည်​၏​နယ်မြေ​အပိုင်းအခြား ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 တောင်​ဘက်​ယော်​ဒန်​မြစ်​တစ်​လျှောက်​သွား​၍ ပင်​လယ်​သေ​တွင်​အ​ဆုံး​သတ်​ရ​မည်။ ``သင်​တို့​ပြည်​၏​နယ်​နိ​မိတ်​တို့​သည်​ကား အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​ဖြစ်​သည်'' ဟူ ၍​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 34:12
10 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊


ထို​ပြည်​ရှိ​သ​မျှ​တို့​သည်၊ သော​ဒုံ​အိုင်​ဖြစ်​သော​စိ​ဒ္ဒိမ်​ချိုင့်​တွင် နီး​စပ်​လျက်​ရှိ​ကြ​၏။


သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​မွေ​ခံ​ရ​သော မြေ​အ​ပိုင်း​အ​ခြား​မူ​ကား၊ ယော​သပ်​သည် မြေ​အ​ပိုင်း​အ​ခြား နှစ်​ခု​ကို​ယူ​ရ​မည်။


အ​ဣ​န​ရွာ​အ​ရှေ့၌​လျှောက်၍ ရိ​ဗ​လ​ရွာ​သို့ သွား​ရ​မည်။ ထို​ရွာ​မှ​ထွက်၍ ဂင်္နေ​သ​ရက်​အိုင်​အ​ရှေ့​ကမ်း​ကို လျှောက်​သ​ဖြင့်၊


မော​ရှေ​က​လည်း၊ ဤ​ရွေ့​ကား၊ သင်​တို့​သည် စာ​ရေး​တံ​ချ၍ အ​မွေ​ခံ​ရ​သော​ပြည်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မျိုး​ကိုး​မျိုး​နှင့် အ​မျိုး​တစ်​ဝက်၌ ဝေ​ပေး​ရ​သော​ပြည် ဖြစ်​သ​တည်း။


တောင်​မျက်​နှာ​တွင် ဇိ​န​တောင်​မှ ဧ​ဒုံ​ပြည်​အ​နား၌​လျှောက်​လျှင်၊ သော​ဒုံ​အိုင်​အ​ရှေ့​စွန်း​သည် တောင်​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။


ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။


အ​ရှေ့​ဘက်၌ သော​ဒုံ​အိုင်​သည် ယော်​ဒန်​မြစ်​ဝ​တိုင်​အောင် အ​ရှေ့​အ​ပိုင်း​အ​ခြား​ဖြစ်၏။ မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​သို့​ဆင်း​ရာ သော​ဒုံ​အိုင်​ကွေ့​မှ​ထွက်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ