Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 33:38 - Judson Bible in Zawgyi Version

38 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ သ​က္က​ရာဇ်​လေး​ဆယ်၊ ပ​ဉ္စ​မ​လ ပ​ထ​မ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​သို့​တက်၍ အ​နိ​စ္စ​ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

38 အစ္စရေး​အမျိုးသား​တို့​အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး အနှစ်​လေးဆယ်​မြောက်​သော​နှစ်​၊ ပဉ္စမ​လ​၊ ပထမ​နေ့​၌ ယဇ်ပုရောဟိတ်​အာရုန်​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ဟောရ​တောင်​ပေါ်သို့​တက်သွား​၍ ထို​နေရာ​၌ သေ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

38-39 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် သို့​တက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ ထွက်​လာ​ခဲ့​ပြီး​နောက် လေး​ဆယ်​မြောက်​သော​နှစ်၊ ပဉ္စ​မ​လ၊ လ​ဆန်း တစ်​ရက်​နေ့​တွင်​အ​သက်​တစ်​ရာ့​နှစ်​ဆယ့် သုံး​နှစ်​ရှိ​သော​အာ​ရုန်​သည် ထို​တောင်​ပေါ် တွင်​အ​နိစ္စ​ရောက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 33:38
5 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​မှာ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ အ​သက်​တစ်​ရာ​နှစ်​ဆယ်​သုံး​နှစ် ရှိ​သ​တည်း။


မော​ရှေ​သည် ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​လည်း​ကောင်း၊ ဧ​ဒြိ​ပြည်၊ အာ​ရှ​တ​ရုတ်​မြို့၌​နေ​သော ဗာ​ရှန်​ဘု​ရင် ဩ​ဃ​ကို​လည်း​ကောင်း လုပ်​ကြံ​ပြီး​မှ၊ သ​က္က​ရာဇ်​လေး​ဆယ်​ပြည့်၊ ဧ​ကာ​ဒ​သ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ မော​ဘ​ပြည်၊ ယော်​ဒန်​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​နှင့်​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍ ဟော​ပြော​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊


ငါ​သည် တောင်​ပေါ်​မှာ အ​ရင်​နေ​သော​ကာ​လ​နှင့်​အ​မျှ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး တစ်​ဖန်​နေ​ပြန်၍၊ ထို​အ​ခါ၌​လည်း ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဖျက်​ဆီး​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို​နား​ထောင်​တော်​မူ၏။


သင့်​အစ်​ကို​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​မှာ​သေ၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​သ​ကဲ့​သို့၊ သင်​သည်​လည်း တက်​သွား​သော ဤ​တောင်​ပေါ်​မှာ​သေ၍၊ သင်၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ